*ချစ်စိတ်ပြင်းထန်
လှိုင်းလေမာန်
မုန်တိုင်းဝင်ရောက်
တဲအိမ်ပျောက်။
* သစ္စာရိုကျိုး
ချစ်စိတ်ချိုး
မုန်တိုင်းလည်းပျောက်
အလင်းရောက်။
*ချစ်စိတ်ပြင်းထန်
လှိုင်းလေမာန်
မုန်တိုင်းဝင်ရောက်
တဲအိမ်ပျောက်။
* သစ္စာရိုကျိုး
ချစ်စိတ်ချိုး
မုန်တိုင်းလည်းပျောက်
အလင်းရောက်။
* ချစ်ခြင်းနှိပ်စက်
အခက်တွေ.သည်။
* စိတ်အလိုဆိုး
တိုးတိုးလာ၏။
* စိတ်ဆင်းရဲမှု
ထုထည်ကြီးပြီ။
- ပျော်ပျော်ပါးပါး မော်မော်ကြွားကြွားနဲ. လောကဓံတရားကြားမှာ ပုထုဇဉ်လူမိုက်များ မာနတရားစား သေရွာသို. သွားသတည်း။
* အရှုံးကိုကြုံလို.
စိတ်နှလုံးကိုတင်းထား
အပြင်းအထန်ကြိုးစားလို.
အောင်နိုင်ခြင်းကို ရပြီ။
* အောင်နိုင်သောအခါ
ငါတော်ပြီထင်
မာန၀င်လို.
ရှုံးရပြန်ပြီ။
သီဟ(ရေဦး)
*ပန်းတစ်ပွင့်
ကြွားဝင့်လို. ချူချင်ဖွယ်။
* ပန်းတစ်ပွင့်
ကမ်းလင့်လို. ချူမှာလား။
* ပန်းဆိုတာ
အပင်မှာနေနေ
အပင်မှာ မနေနေ
ညှိုးရမှာ အသေအချာ။
သီဟ(ရေဦး)